မိတ်ဆက်စာ...
Workbookmm ဆိုတာဘာလဲ?
Workbookmm ဆိုတာ website တစ်ခု (သို့) web application တစ်ခုပါ။ မြန်မာအစိုးရသင်ရိုးကို သင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူ ဆရာဆရာမများအတွက် ဖန်တီးထားတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမှာ ဘာတွေသုံးလို့ရပြီလဲ?
လက်ရှိမှာတော့ ၁၂ တန်းကျောင်းသား ကျောင်းသူတွေအတွက်
- ကြေးမုံသတင်းစာပါ Initial letter တွေ
- Myanmar Exam 2025, 2026 မေးခွန်းငါးစုံ ဘာသာစုံ
- ရန်ကုန်တက္ကသိုလ်ထုတ် င်္သချာ ဂျာနယ်
- ဓာတုဗေဒဂျာနယ်
- ဇီဝဗေဒ ဂျာနယ်
- ရူပဗေဒ ဂျာနယ် အစရှိသဖြင့် ဂျာနယ်တွေ
- online ပေါ်မှာ ဆရာများ အခမဲ့ဝေငှတဲ့ အဖိုးတန်မေးခွန်းလေးတွေ
လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်ဖြေနိုင်မယ်။ဖြေပြီးရင် ရမှတ် နှင့် အမှား အမှန်အဖြေကို လွယ်လွယ်ကူကူပဲ သိရတာဖြစ်လို့ ကျောင်းသားတွေတစ်မှတ်တန်ဖြေပြီးတိုင်း အဖြေပြန်တိုက်ရစစ်ရ လုပ်ရနဲ့ အချိန်ကုန်တာတွေကို လျှော့ချပေးတယ်။ ကျွန်တော်တို့ရဲ့မူဝါဒက များများလေ့ကျင့် အချိန်များများရ ရလဒ် ကောင်းကောင်းထွက် ဆိုတာပဲ။
ပိုက်ဆံပေးရလား?
No ပါ။ ကျောင်းသားကျောင်းသူတွေအတွက် လုံးဝ free သုံးခွင့်ပေးထားတဲ့ website ဖြစ်ပါတယ်။
ဘယ်လိုသုံးရမလဲ?
google မှာ workbook myanmar လို့သာ ရိုက်ရှာလိုက်ပါ။ ထိပ်ဆုံးမှာပေါ်လာပါလိမ့်မယ်။ အဲ့ဒီမှာ website ကိုဝင်ပြီး လေ့ကျင့်ရုံပါပဲ။ မခက်ပါဘူး ကြည့်လိုက်ရုံနဲ့တင် ဘယ်လိုသုံးရမလဲသိနိုင်ပါတယ်။ မသိရင် ကျွန်တော်တို့ page ကို တစ်ချက် လှမ်း Hi လိုက်ရုံပါပဲ။ ပြောပြပေးပါ့မယ်။
Page ထဲမှာလည်း တင်ထားပြီးပြီဖြစ်တဲ့ မေးခွန်းလေးတွေရှိပါတယ်။ page မှာ ပို့စ်အလိုက် ကွန်မင့်မှာသက်ဆိုင်မေးခွန်း link တွေရှိတာမလို့ ဝင်ရှာကြည့်ပြီး ဖြေလို့ရပါပြီ။
Questions Here : https://workbookmm.com/quick-runs
Direct Contact to Us: https://workbookmm.com/contact-us